Website ဧ။် အကန့်အသတ်မရှိ လွတ်လပ်သော အသုံးချနိုင်စွမ်း

မိမိဧ။် Facebook wall ပေါ်တွင် ကြည့်နေစဉ် တက်လာသော boost လုပ်ထားသည့် ကြော်ငြာများရှိပါသည်။ ထိုကြော်ငြာပစ္စည်း နှင့် မိမိလိုအပ်သော / လေ့လာလိုသော ပစ္စည်းတို့ သည် ကွက်တိ တူညီနိုင်မှုရှိဖို့ ဆိုတာ မလွယ်ကူပါ။ (ဥပမာ - မိမိက ဖုန်းတစ်လုံးဝယ်ယူလိုသော ဆန္ဒရှိသော်လည်း တက်လာသော ကြော်ငြာမှာ အမျိုးသမီး အကျီ င်္ဖြစ်နေမည် / ဒါမှမဟုတ် ကလေးကစားစရာ အရုပ်များ ဖြစ်နေမည်) ထိုသို့ ဖြစ်နေလျှင် ထိုကဲ့သို့ boost ထားသော ကြော်ငြာများသည် မိမိအတွက် အသုံးမဝင်ပါ။ ထို့ ပြင် Facebook ဧ။် post တစ်ခုတွင် ပုံ ၃၀ အထိသာအများဆုံး တင်လို့ ရတဲ့အတွက် အမျိုးပေါင်း ရာချီရှိနေသော ပစ္စည်းအမှတ်တံဆိပ် တစ်ခုအား Facebook post တစ်ခုတည်းဖြင့် ကြော်ငြာရန် မဖြစ်နိုင်ပါ။ ဒါ့အပြင် ပုံတစ်ခုချင်း ပစ္စည်းတစ်ခုချင်းဧ။် ထပ်မံဆက်စပ်၍ သိသင့်သော လေ့လာရမည့် အချက်များ များစွာရှိနေပါသည်။ (ဥပမာ - mobile ဖုန်းဈေးနှုန်းများကို စုပြုံ၍ တင်ခြင်း) mobile phone တွင်လဲ ဖုန်းတစ်လုံးစီ ဆက်စပ်အချက်များစွာရှိနိုင်ပါသည် (ဥပမာ - ထိုဖုန်းဧ။် မှန်အမျိုးအစား / သုံးထားသော processor အစရှိသဖြင့်) တို့ ကြောင့် ဖုန်းများစွာဧ။် ဈေးနှုန်းများကို စု၍တင်ခြင်းဖြင့် ထိုဆက်စပ်အချက်အလက်များကို မသိနိုင်ပါ။ ထိုကဲ့သို့ Facebook post တစ်ခုတွင် ပစ္စည်းအချက်အလက်များစွာဧ။် ဈေးနှုန်းများ စုပြုံတင်ခြင်းဖြင့်လဲ မိမိအတွက် သင့်တော်မည့် ဈေးနှုန်းပစ္စည်းအမျိုးအစားများကို နှိုင်းယှဉ်၍ ကြည့်ရန် ခက်ခဲပါသည်။ အရေးအကြီးဆုံးအချက်သည် ဈေးနှုန်းတစ်ခုတည်းသိရုံဖြင့် ဝယ်ရန် မသင့်ပါ။ ထုတ်ကုန်ပစ္စည်းတစ်ခုဧ။် လုပ်ဆောင်နိုင်စွမ်း ကို နှိုင်းယှဉ်လေ့လာကြည့်ရန် လိုပါသည်။ ဤအခက်အခဲများကို ဖြေရှင်းရန် အကောင်းဆုံး နည်းလမ်းသည် webiste ဧ။် လှပသော လုပ်ဆောင်နိုင်စွမ်းဖြင့်သာ ကျော်လွှားနိုင်ပါမည်။ 

Peavey ပစ္စည်းများကို လေ့လာနိုင်တဲ့ www.mt.com.mm အင်တာနက်စာမျက်နှာမှာ အခုလို မိမိ နှစ်သက်တဲ့ပစ္စည်းတွေ ကြည့်ဖို့  အကန့်သီးသန့် များ ဖွဲ့ စည်း၍ ရှင်းလင်းလွယ်ကူစွာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ 

Odoo CMS - a big picture

နောက်ပြီးတော့ Peavey Myanmar ဖေ့ဘွတ် post တွေမှာ ပေးထားတဲ့ link တစ်ခုကို နှိပ်ရုံနဲ့ ဤအချက် ၅ ချက်ကို ချက်ချင်းသိနိုင်ပါသည်။ 

၁ - ပစ္စည်းဧ။် ပုံများကို အသေးစိတ် လေ့လာနိုင်ခြင်း

၂ - ဈေးနှုန်း နှင့် ပစ္စည်းလက်ကျန်ရှိ/မရှိကို သိနိုင်ခြင်း

၃ - ပစ္စည်းဧ။် လုပ်ဆောင်နိုင်စွမ်းများကို လေ့လာနိုင်ခြင်း

၎ - ဖော်ပြပါပစ္စည်းနှင့် ဆက်စပ်တွဲသုံးနိုင်သော ပစ္စည်းများကို လေ့လာနိုင်ခြင်း

၅ - ဝယ်ယူလိုပါက အမှာစာတင်၍ MPU ကဒ်ဖြင့် ငွေပေးချေ၍ ဝယ်ယူနိုင်ခြင်း

Odoo CMS - a big picture

ယခု ပုံသည် www.mt.com.mm ဧ။် အင်တာနက် စာမျက်နှာကို ဝင်ရောက်လေ့လာနေကြသူများမှ မိမိတို့ နှစ်သက်သည်များကို လွတ်လပ်စွာ အသေးစိတ်လေ့လာနေကြခြင်း မှတ်တမ်းဖြစ်ပါသည်။ ဤပုံကို လေ့လာကြည့်ခြင်းဖြင့် ဝင်ရောက်လေ့လာနေသူ ၁၇ ဦးသည် မတူညီသော ပစ္စည်း နှင့် အကြောင်းအရာ ၁၃ ခုကို တစ်ချိန်တည်းမှာ လေ့လာနေကြပါသည်။ ထိုအထဲတွင် စပီကာ ကို လေ့လာနေသူလဲ ပါသည် / mixer ကို လေ့လာနေသူလဲ ပါသည် / Karaoke Amp ကို လေ့လာနေသူလဲပါသည် / ဝယ်ယူနိုင်သည့် ဆိုင်လိပ်စာများကို လေ့လာနေသူလဲ ပါဝင်ကြပါသည်။ 

Odoo CMS - a big picture

ဒါကတော့ facebook မှာ အလွယ်ဈေးရောင်းနည်းပေါ့!!! ဤနည်းကို အမှန်ဟုထင်မှတ်နေသောသူများရှိပါသည်။ အမှန်က ဒါသည်နိုင်ငံတကာတွင် webstie မှ ရောင်းချသူများ မည်သူမျှ ထိုသို့ ဈေးနှုန်းများစုပြုံတင်၍မရောင်းပါ။ ဘာကြောင့်လဲဆိုတော့...  ဒီလို ဈေးနှုန်းတွေကို မတူတဲ့ ပစ္စည်း နဲ့ အမှတ်တံဆိပ်မျိုးစုံကို ရောသမမွှေထားတော့ ဝယ်လိုသူတွေက  လိုချင်တာကို ဘယ်လို မြန်မြန် ရှာလွယ်မလဲ....ရှာလို့ရတယ်ထားပါ... နောက်ထပ်ကုန်ပစ္စည်းတစ်ခုနဲ့ နှိုင်းယှဉ်မကြည့်တော့ဘူးလား??  နှိုင်းယှဉ်ဖို့လိုကိုလိုပါတယ် ဘာလို့ လဲဆိုတော့...ကုန်ပစ္စည်း တစ်မျိုးနဲ့ တစ်မျိုးမှာလဲ လုပ်ဆောင်ချက်တွေက ကွဲသေးတယ် ပုံစံတွေလဲ တစ်ခုချင်းစီကြည့်လို့မရဘူး.....

Odoo CMS - a big picture

ဒီ mobile ဖုန်း ဈေးနှုန်းတွေ ကြော်ငြာထားတာလဲ တစ်ချက်ကြည့်လိုက်ပါအုံး.... ဈေးနှုန်းတွေ နဲ့ အမျိုးအစားကို အဓိကထားလို့ မရပါဘူး..... ဖုန်းမှာ အရေးကြီးတဲ့ လုပ်ဆောင်နိုင်စွမ်းတွေကိုဘယ်မှာသွားကြည့်ရမလဲ?? ပြီးတော့ ဒီလောက်များပြားလှတဲ့ အမျိုးအစားတွေထဲမှာ ကိုယ်နဲ့ကိုက်ညီတာကို ဈေးနှုန်းနဲ့ပဲရွေးပြီး ဆုံးဖြတ်ရတော့မှာလား???

Odoo CMS - a big picture

ကဲ... အမှန်တကယ် အွန်လိုင်းမှ ဝယ်ယူခြင်းကို စတင်ရန် အနီရောင် ခလုတ်လေးကို နှိပ်လိုက်ပါ။