Array စပီကာဖြစ်ဖို့ ရာ

Array စပီကာဖြစ်ဖို့ ရာ

 

Odoo CMS - a big picture

စတိတ်ရှိုးအများစုမှာတွေ့ နေတဲ့ အတွဲလိုက်စပီကာတွေကို Array စပီကာ လို့ ခေါ်ပါတယ်။ Array စပီကာဆိုတာ အလုံးရေအများကြီးသုံးရတဲ့အတွက် အလေးချိန်ပေါ့ရမယ် အရွယ်အစားကျစ်လျစ်ရမယ်။ ဒါမှ သယ်တဲ့သူတွေအတွက်အဆင်ပြေမယ် ချိတ်တဲ့နေရာမှာလဲ လွယ်ကူမြန်ဆန်မယ် အလေးချိန်ပေါ့တဲ့အတွက် အလုံးရေအများကြီးချိတ်ရင် ချိတ်တဲ့နေရာမှာ ဝန်မဖြစ်စေဘူး။ ထိုကဲ့သို့  ဖြစ်ဖို့ ရာ ထို Array စပီကာထဲမှာ သုံးထားတဲ့ စပီကာရဲ့ သံလိုက်ကို ပေါ့ပါးပြီး စွမ်းအင်ပြင်းတဲ့ Neodymium (နီယိုဒင်းမီရမ် သံလိုက်) ဖြစ်ရပါမယ်။ 

 သံလိုက်ဆိုတာ အခြားသံလိုက်ကို ထိစရာမလိုဘဲ အကွာအဝေးတစ်ခုကနေ ဆွဲယူနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ တစ်ချို့  သံလိုက်အမျိုးအစားသည် သဘာဝအတိုင်းဖြစ်တည်နေပြီး တစ်ချို့ ကတော့ လူကဖန်တီးယူပါတယ်။ သံလိုက်အမျိုးအစား အများကြီးရှိတဲ့ အထဲမှာ အသုံးအများဆုံး လူကပြုလုပ်ဖန်တီးထားတဲ့သံလိုက်နဲ့ ပတ်သက်ပြီး ၂ မျိုးရှိပါတယ်။ Ceramic နဲ့ Rare Earth တို့ ဖြစ်ပါတယ်။ တစ်ခုချင်းစီမှာ ဆိုးကျိုး ကောင်းကျိုးတွေ ရှိကြတယ်။ Ceramic နဲ့ Rare Earth သံလိုက်များဟာ အမြဲတမ်းသံလိုက်အမျိုးအစားဖြစ်ပါတယ်။ ၂ ခု စလုံးက သံလိုက်ဓာတ်သွင်းပြီးရင် ထိုသံလိုက်များ မပျက်စီးသရွေ့ သံလိုက်ဓာတ်ကို နှစ်ပါင်းများစွာ ထိန်းသိမ်းထားနိုင်တယ်။ ဒါပေမယ့် Ceramic နဲ့ Rare Earth တို့ ဧ။် သံလိုက်အားကတော့ ကွာခြားပါတယ် ဘာလို့ လဲဆိုတော့ ပြုလုပ်ထားတဲ့ သတ္ထုစပ်ပစ္စည်းများ မတူလို့ ပါ။

Ceramic Magnet - 1952 ခုနှစ်မှာ ပထဆုံး စတင် ထုတ်လုပ်နိုင်ခဲ့တယ်။ နှစ်သက်ရာ ပုံစံကို ပြုလုပ်ယူနိုင်တယ်။ သဘာဝ သံလိုက်ထက် အားပိုပြင်းတယ်။ ဈေးသက်သာတယ် သံလိုက်အားပြင်းတော့ သုံးရအဆင်ပြေတဲ့အတွက် လူကြိုက်များပြီး အလျှင်အမြန်လူသိများလာတယ်။  Rare Earth Magnet - ၂ မျိုးရှိတယ် - Samarium Cobalt နှင့် Neodymium iron boron ဖြစ်ပြီး Rare Earth သတ္ထုဖြစ်ပါတယ်။ ရှားပါးတဲ့ သတ္ထုလို့ အဓိပ္ပါယ်ရပါတယ်။ ဒါပေမယ့် တကယ်မရှားပါဘူး - သဘာဝအလျောက်အခြားသော သတ္တူများနဲ့ တွဲစပ်ဖြစ်ပေါ်တတ်ပြီး သူ့ ကို သီးသန့်ခွဲထုတ်ရန် ခက်ခဲတဲ့ သတ္ထုဖြစ်လို့ ပါ။ Neodymium က 1984 ခုနှစ်မှာ မှ စတင်ဝယ်ယူနိုင်တယ်။  သံလိုက်အားကို BHMax ဆိုတဲ့ စံနှုန်းနဲ့တိုင်းပါတယ် BHMax နံပါတ်မြင့်ရင် သံလိုက်အား ပြင်းပါတယ်။ Ceramic Magent က BHmax 3.5 သာရှိပြီး Neodymium ကတော့ BHmax 40 ရှိပါတယ်! သံလိုက်ဓာတ်ကို ပျက်ပြယ်စေတာ အပူဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ အပူချိန်တစ်ခုထက် အနည်းငယ်ကျော်အောင် အပူပေးလိုက်မယ်ဆိုရင် သံလိုက်ဓာတ်ပျက်ပါတယ်။ အေးသွားရင် သံလိုက်ဓာတ်ပြန်ရပါတယ် ။Ceramic - 300’C ထက်ကျော်ရင် သံလိုက်ဓာတ်ပျက် - Neodymium က 150’C ထက်ကျော်ရင် သံလိုက်ဓာတ်ပျက်ပါတယ်။ သတ်မှတ်ထားတဲ့ အပူချိန်တစ်ခုထက် အရမ်းကျော်အောင်အပူပေးရင်တော့ Demagnetized လုံးဝ သံလိုက်ဓာတ်ပြန်မရအောင် ပျက်ပြယ်သွားပါမယ်  Rare Earth Magnet က မာတယ် ထုတ်လုပ်ဖို့ ခက်ခဲတယ် ပျက်စီးဖို့ လွယ်ကူတယ်။ သံချေးတက်လို့  လွယ်တဲ့ အမျိုးအစား နဲ့ မလွယ်တဲ့ အမျိုးအစား ၂ မျိုးရှိတယ်။ထုတ်လုပ်မှု ဈေးအကြီးဆုံး သံလိုက်အမျိုးအစား ဖြစ်တယ်။ ရိုးရိုးသံလိုက် Ceramic Magnet က ဈေးနှုန်းသက်သာတယ် သံချေး နဲ့ သံလိုက်ဓာတ်ပျယ်ဖို့ ခဲယဉ်းတယ်။ Neodymium သံလိုက်ပြင်းချက်က အရွယ်အစားတူ အခြားသော သံလိုက်အမျိုးအစားကိုတောင် မပြုတ်ကျအောင် ကပ်ပြီး မထားနိုင်တယ် ပုံ ၁ မှာ Neodymium သံလိုက်တပ်ထားတဲ့ စပီကာ နဲ့ ပုံ ၂ မှာ ရိုးရိုးသံလိုက်တပ်ထားတဲ့ စပီကာ အရွယ်အစား ပုံစံ လေ့လာကြဘည့်နိုင်ပါတယ်။  ကဲအဲဒီတော့ ကိုယ်ဝယ်ထားတဲ့ array ထဲမှာ array မှာ သုံးရတဲ့ Neodymium သံလိုက်ထည့်ထားလား ရိုးရိုးသံလိုက်ကြီးတပ်ပြီး ဈေးပေါပေါ array ဆိုပြီး ဂျင်းမိနေလား သိရအောင် ဖြုတ်ကြည့်ချင် ဖြုတ်ကြည့်ပါ။ မဝယ်ရသေးတဲ့ သူတွေလဲ array ဝယ်မယ်ဆိုရင် Neodymium သံလိုက်ဖြစ်တဲ့ မှန်ကန်သော array ကုန်ပစ္စည်းကို ဝယ်ယူနိုင်ပါစေ လို့ တတ်သိသမျှ ဝေငှလိုက်ပါတယ်။