စပီကာ နှင့် Subwoofer တို့ ရဲ့ Continuous , Program နှင့် Peak Watts ဆိုတာဘာလဲ?

 

Odoo CMS - a big picture

Speaker / Subwoofer တစ်လုံးမှာ ( 8 ohms / 4 ohms မည်သို့ ပင်ဖြစ်စေ) သူ့ ကိုအသုံးပြုနိုင်သော ဖော်ပြထားသည့် Power Ratings (watts) အမျိုးအစား ၃ မျိုးရှိပါသည်။ ထို အမျိုးအစားများသည် Continuous , Program နှင့် Peak တို့ ဖြစ်ပါသည်။ 

အဲဒါတွေကဘာတွေလဲ ဆိုတာ ရှင်းပြပါမယ်။ စပီကာထုတ်လုပ်သူ ကုမ္ပဏီများဟာ ထို Power Ratings ကို ခန့် မှန်းတွက်ချက်ထားခြင်းဖြစ်ပါသည်။ ခန့် မှန်းတွက်ချက်ရာမှာ စမ်းသပ်ခြင်း နှင့် ဈေးကွက်ရဲ့ အသိပညာများ ကို အခြေခံထားပါတယ်။ စပီကာ တစ်လုံးဧ။် ခံနိုင်ရည် watts ကို တွက်ချက်တာဟာ Amp ရဲ့ ထုတ်ပေးနိုင်တဲ့ watts ကိုတွက်တာထက် ပိုမိုခက်ခဲပါတယ် လို့ လဲဆိုပါတယ်။ ပထမဆုံးအနေနဲ့ power rating ကို နားလည်ရမှာက စပီကာတစ်လုံးက power ဘယ်လောက်ကို ပျက်စီးခြင်း (Blowing) မရှိဘဲ ခံနိုင်ရည်ရှိသလဲဆိုတာပါ။ အဲအနေအထား power ကို ပေးထားရင် စပီကာက ကျန်းမာနေမယ် ၊ နောက်ထပ်အသုံးပြုမည့်အနေအထားအတွက် အဆင်သင့်ဖြစ်နေမယ်။ 
ကဲ ပြောမယ့်ဟာကို စလိုက်ရအောင်။ 

ပထမဆုံး Rating ဖြစ်တဲ့ Continuous ကတော့ တူညီသော power ကို ဆက်တိုက် မရပ်မနားဘဲ သုံးနိုင်တဲ့ power ဖြစ်ပါတယ်။ အကောင်းဆုံး ထိန်းချုပ်နိုင်တဲ့ rating ဖြစ်ပါတယ်။ Continuous Signal သည် စပီကာကို Energy ပေးပြီး ထို Energy သည် အပူ (heat) အဖြစ်သို့ ပြောင်းလဲသွားပါသည်။ ထို့ ကြောင့် အချိန်ကာလကြာမြင့်စွာ power များစွာဖြင့် Speaker ကို အသုံးပြုမယ်ဆိုရင် အပူချိန်မြင့်တက်လာပြီး Drivers များမှာ ရှိတဲ့ Voice Coil (အသံကွိုင်)များ အရည်ပျော်သွားမည်ဖြစ်ပါသည်။ 

ဒုတိယ Rating ဖြစ်တဲ့ “Program” သည် ပို၍ သဘာဝဆန်သော input level အတက်အကျကို ရည်ညွှန်းပါတယ်။ ထို Program rating ဖြင့်အသုံးပြုပါက စပီကာ ကို အပူ (Waste Heat) လျော့သွားအောင် နားမယ့် အချိန်တစ်ခုပေးရပါမည်။ 

တတိယ Rating ဖြစ်တဲ့ “Peak” ကတော့ စပီကာရဲ့ အမြင့်ဆုံး ခံနိုင်ရည်ရှိသည့် level ဖြစ်ပါသည်။ ထို level ဖြင့် အသုံးပြုပါက အပူ (Heat) အများအပြားကို ထုတ်လုပ်ရုံသာမက စပီကာရဲ့ Driver ထဲမှာရှိတဲ့ Diaphragm များသည်လဲ အကြိမ်ပေါင်းများစွာ အလျင်အမြန်လှုပ်ရှားပါတယ်။ ထို့ ကြောင့် ယခု level ကို အသုံးပြုလိုပါက အချိန်ခဏ သာ အသုံးပြုသင့်ပါသည်။ ဒီ level ကို အချိန်ကြာစွာ အသုံးပြုမိပါက စပီကာရဲ့ Voice Coil (အသံကွိုင်)များ ပုံပျက်စွာ ပျက်စီးသွားပါမယ် (သို့ ) ချိတ်ဆက်မှုများ ပြု့တ်သွားပါမယ်။ Driver Unit (စပီကာ အရွက်) မပျက်စီးသော်လည်း Voice Coil ထိခိုင်ပျက်စီးနိုင်ပါသည်။ 

ဤအချက်အလက်များသည် ထုတ်လုပ်သူများမှ ရည်ရွယ်ချက် တစ်ခုဖြင့် ထိန်းချုပ်နိုင်ရန် အလို့ ငှာ သတ်မှတ်ထားခြင်းဖြစ်ပါသည်။ နောက်ဆုံးမှာတော့ အသံကို ထိန်းချုပ်သူ အင်ဂျင်နီယာများ တွင်သာ ထုတ်လုပ်သော အသံအတွက် (သို့ ) သူတို့ ဧ။် စပီကာများ ဘယ်လောက် ခံနိုင်ရည် ရှိသလဲဆိုတော အချက်ကို သိရန် တာဝန်ရှိပါသည်။