အသံပိုင်းဆိုင်ရာ ပစ္စည်းတစ်ခုခု ဝယ်တော့မယ်ဆိုလျှင်
ဒါတွေကို သိထားသင့်ပါတယ်....
Odoo image and text block
1 - မိမိအသုံးပြုမည့် ပုံစံအနေအထား
 အသုံးပြုမည့်သူ တစ်ဦးချင်းစီတွင် အသုံးပြုလိုသည့် နေရာအကျယ်အဝန်း (အသုံးပြုမည့် နေရာ အကျယ်အဝန်း ၊အဆောက်အဦး ပြင်ပ Outdoor ၊ အဆောက်အဦးအတွင်း Indoor အစရှိသည်)
အသုံးပြုမည့် အနေအထား (သီချင်းဆိုမည် - နားထောင်မည် / တီးဝိုင်း / အစည်းအဝေးခန်း / မိန့် ခွန်းပြောခြင်း အစရှိသည်)
နားထောင်မည့် လူဦးရေ (မင်္ဂလာဆောင်ဟူသော အခန်းအနားတွင် ခန်းမအကျယ်အဝန်းအရ တက်ရောက်နိုင်သော လူဦးရေ မတူညီနိုင်သဖြင့် မိမိအသံကို ကြားစေလိုသော လူဦးရေ) အစရှိသည်တို့ ကို ပြောပေးရန်လိုပါသည်။
မိမိအသုံးပြုမည့်အနေအထား နှင့် ကိုက်ညီသော အသံစနစ်ကို တွက်ချက်ရန် စာတိုပို့ ၍သော်လည်းကောင်း Facebook ကွန်မန့် ဖြင့်သော်လည်း မေးမြန်းခြင်းသည် အကောင်းဆုံး အဖြေ မဟုတ်ပါ။ ကျွမ်းကျင် ပညာရှင်များ နှင့် အပြန် အလှန်မေးမြန်း၍ ဆွေးနွေးတိုင်ပင်မှသာ အကောင်းဆုံး အသံစနစ်တစ်ခုကို ရရှိနိုင်ပါသည်။ ထို့ ကြောင့် အမှန်တကယ် အသံစနစ်ကိုလိုအပ်သောသူများသည် မိမိတို့ ဧ။် Audio Engineer များထံသို့  09-793334449 သို့ မနက် ၉း၃၀ မှ ညနေ ၅း၃၀ အထိ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (ဝယ်ယူခြင်း မဝယ်ယူခြင်းကို ပဓာနမထားဘဲ စေတနာဖြင့် အကောင်းဆုံး ကူညီပေးပါမည်။)
Odoo image and text block
2 - စပီကာ နှင့် Subwoofer တို့ သည် မတူညီပါ။ ကွဲပြားပါသည်။
Speaker (စပီကာ) သည် သီချင်းသံ / လူအသံ ကို ထုတ်ပေးပါသည်။ Speaker တွင် ၁၀ ၊ ၁၂ နှင့် ၁၅ လက်မ သည် အကြီးဆုံးဖြစ်ပါသည်။ စပီကာတွင် ကြိမ်နှုန်းမြင့် အသံထုတ်ပေးရန် tweeter ပါဝင်ပြီး ကြိမ်နှုန်းလတ် ထုတ်လုပ်ပေးရန် Mid Driver စပီကာများပါဝင်ပါသည်။ Tweeter ဧ။် ကြိမ်နှုန်းသည် 2001 Hz မှ 20000 Hz အထိ ရှိပြီး Mid ဧ။် ကြိမ်နှုန်းသည် 150 Hz မှ 2000 Hz အတွင်းရှိပါသည်။
Subwoofer သည် တုန်ခါမှု Bass သံကို ထုတ်လုပ်ပေးပါသည်။ Subwoofer တွင် ၁၅ နှင့် ၁၈ လက်မ သည် အကြီးဆုံးဖြစ်ပါသည်။ Subwoofer တွင် ကြိမ်နှုန်းနိမ့် Low Frequency ကို ထုတ်ပေးနိုင်သော စပီကာ ပါဝင်ပါသည်။ Low Frequency ဧ။် ကြိမ်နှုန်းသည် 42 Hz မှ 125 Hz ကြားတွင် ရှိပါသည်။
အသံဧ။် ကြိမ်နှုန်း Frequency အကြောင်းအသေးစိတ်ဖတ်ရန် နှိပ်ပါ။ 
Odoo image and text block
3 - Monitor Speaker
မော်နီတာ စပီကာသည် Main Speaker ကဲ့သို့ သီချင်းသံ / လူအသံကို ထုတ်ပေးပါသည်။ သို့ သော် မော်နီတာ စပီကာအား Stage စင်ပေါ်တွင် တီးခတ်သူ / သီဆိုသူများအတွက် မိမိတို့ တီးခတ်သီဆိုသော အသံကို ပြန်လည်ကြားနိုင်စေရန် အသုံးပြုပါသည်။ ပုံတွင် အနီဖြင့်ပြထားသော စပီကာများသည် Monitor အတွက် အသုံးပြုထားသော မော်နီတာ စပီကာများဖြစ်ပါသည်။
Monitor Speaker များကို လေ့လာရန် နှိပ်ပါ။
Odoo image and text block
4 - စပီကာ နှင့် Subwoofer တို့ ဧ။် Watts အသံပြင်းအား
မည်သည့် audio အသံပိုင်းဆိုင်ရာ ပစ္စည်းမဆို Watts ပြင်အား နှင့် ohms လျှပ်စစ်စီးဆင်းနိုင်စွမ်းပေါ်တွင် အလုပ်လုပ်ပါသည်။
Watts အသံပြင်းအားအနည်းအများသည် အသုံးပြုထားသော သံလိုက်အမျိုးအစား နှင့် စပီကာကို ပြုလုပ်ထားသော စက္ကူ Cone Paper တို့ ပေါ်တွင် မူတည်ပြီး ကွဲပြားပါသည်။ လက်မအရွယ်အစား တူသော်လည်း (ဥပမာ - 15 လက်မချင်းတူသော် လည်း PV 115 သည် SP 2 ထက် watts နည်းပါသည်။) 
Odoo image and text block
5 - Watts အသံပြင်းအား ၃ မျိုး
မည်သည့် audio အသံပိုင်းဆိုင်ရာ စပီကာ / Subwoofer ပစ္စည်းတစ်ခုဧ။် Watts ပြင်အား ကို ထပ်မံအသေးစိတ်လိုက်လျှင်
1 - Continuous 
2 - Program
3 - Peak ဟူ ၍ ၃ မျိုး ရှိပါသည်။
ထို Watts ၃ မျိုးကို ကုန်ပစ္စည်းဧ။် Manual အသုံးပြုရန် အညွှန်းရှိ ကုန်ပစ္စည်းလုပ်ဆောင်နိုင်စွမ်း Specifications တွင် ဖော်ပြထားပါသည်။ ထိုအညွှန်းကိန်းမပါရှိသော ပစ္စည်းအတွက် မူရင်းထုတ်လုပ်သူကိုသာ မေးမြန်းပါ။
ထို Watts ၃ မျိုးဧ။် အသေးစိတ် ရှင်းလင်းချက်ကို ဖတ်ရန် နှိပ်ပါ 
Odoo image and text block
6 - စပီကာ နှင့် Subwoofer တို့ ဧ။် Ohms (Impedance Rating)
မည်သည့် audio အသံပိုင်းဆိုင်ရာ ပစ္စည်းမဆို Watts ပြင်အား နှင့် Ohms (Resistant) လျှပ်စစ်စီးဆင်းနိုင်စွမ်းပေါ်တွင် အလုပ်လုပ်ပါသည်။
Ohms သည် စပီကာအား ပေးလိုက်သော Current နှင့် Volt ကို ပြန်လည်ခုခံသည့်အညွှန်းကိန်းဖြစ်ပါသည်။ ထို Ohms အား စပီကာတစ်ခု နှင့် တစ်ခုကို တွဲဆက်ခြင်းဖြင့် (သို့ ) စပီကာဧ။် Resistant ပမာဏ ကို မူတည်ပြီး သတ်မှတ်ခြင်းဖြစ်ပါသည်။ ohms နည်းသော စပီကာသည် လျှပ်စစ်စီးဆင်းနိုင်ခြင်း များသဖြင့် အသံပြင်းအား များပါသည်။ (ဥပမာ - 4 ohms စပီကာ ဖြစ်သော PV 215 သည် 8 ohms စပီကာဖြစ်သော PV 115 ထက် အသံပြင်းအား ပိုများပါသည်။) Ohms အညွှန်းကိန်းနည်းလေ ထို စပီကာ ဧ။် Sound Pressure Level (SPL) အသံပြင်းအား များလေဖြစ်ပါသည်။ 
Odoo image and text block
7 - Active နှင့် Passive စပီကာ နှင့် Subwoofer များ
Active စပီကာကို Powered Speaker ဟူ၍လဲ သုံးနှုန်းပါသည်။
Active စပီကာများကို လေ့လာရန် နှိပ်ပါ။
Active Subwoofer များကို လေ့လာရန် နှိပ်ပါ။
Passive စပီကာ / Subwoofer ဆိုသည်မှာ ပါဝါပေးရန် အသံချဲ့ စက်အား သီးသန့် ဝယ်ယူရန် သုံးစွဲရမည့် အမျိုးအစားဖြစ်ပါသည်။ Passive အမျိုးအစား စပီကာ / Subwoofer များကို အသံချဲ့ စက်များ သယ်ယူနိုင်ရန် အဆင်ပြေပြီး အသံချဲ့ စက်အား စပီကာ / Subwoofer အမျိုးအစား တစ်မျိုးထက် ပို၍ နှစ်သက်သော အမျိုးအစား နှင့် တွဲ၍ သုံးလိုသော အခြေအနေများအတွက် အသုံးပြုသင့်ပါသည်။ Passive စပီကာ / Subwoofer ဧ။် နောက်ကျောတွင် Amp ဧ။် Output မှ Input ပြုလုပ်ရန် XLR (သို့ ) 1/4" jack အပေါက်များသာ ပါဝင်ပါသည်။
Odoo image and text block
8 - ရွေးချယ်ထားသော စပီကာ / Subwoofer အတွက် အသံချဲ့ စက် Powered Amp ရွေးချယ်ခြင်း
 စပီကာ / Subwoofer များအား Watts ပြင်း၍ ပျက်စီးခြင်း Over driven မဖြစ်စေရန် ထို စပီကာ / Subwoofer ဧ။် ခံနိုင်ရည် watts (Program) ထက်မများသော အသံချဲ့ စက် Powered Amp ကို ရွေးချယ်သင့်ပါသည်။ 
Powered Amp တစ်လုံးတွင် ထုတ်ပေးနိုင်သော Watts နှင့် အတူ 8 / 4 / 2 Ohms နှင့် 8 / 4 Ohms bridge ဟူ၍ ထောက်ပံ့မှုများကွဲပြားပါသည်။ Bridge ဆိုသည်မှာ Amp ဧ။် Channel ၂ ခု (A + B) ကို ပေါင်း၍ တစ်ခုတည်း အသုံးပြုခြင်းဖြစ်ပါသည်။ Bridge ကို Subwoofer များအတွက်ပို၍အားပြင်းသော တုန်ခါမှု Bass ရရန် သုံးသင့်ပါသည်။
 Amp ဧ။် Channel ၂ ခု (A ) နှင့် (B) ကို သီးသန့် ကို သာမာန် စပီကာများ နှင့် Watts နဲသော Subwoofer များအတွက် သုံးသင့်ပါသည်။ 2 Ohms အထိ သုံးခြင်းသည် အသံချဲ့ စက်ဧ။် လုပ်ဆောင်နိုင်စွမ်းအကုန်ကို အသုံပြုခြင်းဖြစ်ပါသဖြင့် အသုံပုချိန် များလျှင် စက်ဧ။် သက်တမ်းကို လျော့စေခြင်း အပူလွန်ကဲခြင်းဖြစ်နိုင်သဖြင့် 2 Ohms အသုံးပြုခြင်းကို အားမပေးပါ။
Odoo image and text block
အသံထွက်ကောင်းမွန်သော စနစ်တစ်ခုရရှိရန်
သက်ဆိုင်ရာ စပီကာဧ။် ကြိမ်နှုန်းတုံ့ ပြန်မှု Frequency Response နှင့် Subwoofer ဧ။် ကြိမ်နှုန်းတုံ့ ပြန်မှု Frequency Response တို့ ကို မှန်ကန်စွာ သတ်မှတ်ပေးရန်လိုပါသည်။ ထိုသို့ သတ်မှတ်ပေးရန် Equalizer / Sound Processor / Crossover အစရှိသည့် စက်များကို အသုံပြုရန် လိုအပ်ပါသည်။
အသံဧ။် ကြိမ်နှုန်းများကို မှန်ကန်စွာဖြတ်ခြင်း အား Crossover စက်သုံး၍ မည်သို့ ဆောင်ရွက်နိုင်သည့် Video ကို 
Crossover အသုံးဝင်ပုံလေ့လာရန်နှိပ်ပါ။ Sound Processor ရှင်းလင်းချက် Video လေ့လာရန် နှိပ်ပါ။
Equalizer / Sound Processor / Crossover များကို လေ့လာရန် နှိပ်ပါ။
**** Peavey နှင့် BMB လူမှုကွန်ယက် Page များတွင် မှားယွင်းစွာမေးနေသော မေးခွန်းများ ****
Odoo CMS - a big picture
ဤကဲ့သို့ မေးမြန်းသော မေးခွန်းများသည် ပြန်လည်ဖြေကြားရန် မဖြစ်နိုင်ပါ။ ထို့ ကြောင့် ဖော်ပြထားသော အခြေခံရှင်းလင်းချက်များကို လေ့လာပြီး အခြေခံသဘောတရားများကို နားလည်၍ မေးနိုင်သောသူများ ဖြစ်ပေါ်လာစေရန် ကြိုးစားတင်ဆက်လိုက်ပါသည်။ 
အမှန်တကယ် အသံစနစ်ကိုလိုအပ်သောသူများသည် မိမိတို့ ဧ။် Audio Engineer များထံသို့  09-793334449 သို့ မနက် ၉း၃၀ မှ ညနေ ၅း၃၀ အထိ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (ဝယ်ယူခြင်း မဝယ်ယူခြင်းကို ပဓာနမထားဘဲ စေတနာဖြင့် အကောင်းဆုံး ကူညီပေးပါမည်။)